Sunday, July 5, 2015

မျက်ရည်နဲ့ရေးတဲ့ကဗျာ

မျက်ရည်နဲ့ရေးတဲ့ကဗျာ

ဒဏ်ရာတွေနဲ့ ရူးသွပ်နေချိန်
ခိုနားခွင့်ပေးခဲ့တဲ့ ရင်ခွင်ကို
ခြေစုံကန်ခဲ့မိတဲ့ငါ………..
ရက်စက်လွန်းတာကိုသိပါတယ်
စိတ်နာလိုက်စမ်းပါ….
မေ့ပစ်လိုက်စမ်းပါ…..
ဘယ်လိုလုပ်လုပ်စိတ်မနာတဲ့မင်းအချစ်တွေကို
ငါအသိအမှတ်ပြုပါတယ်
မင်းရဲ့အပြုံးတွေကို မြတ်နိုးပေမယ့်
ငါထားခဲ့မှရမယ်….
မင်းအချစ်ကိုလေးစားပေမယ့်
ငါမေ့ပစ်မှရမယ်…..
နှလုံးသားတစ်ခုက
လူတစ်ယောက်ကိုပဲသစ္စာရှိဖို့
အင်အားရှိတဲ့အတွက်…….
နာကြင်စွာနဲ့ပဲနှုက်ဆက်လိုက်ပါရစေ
တခါတလေတော့…
ထားခဲ့ရတဲ့သူမှာလည်း
ဒဏ်ရာတွေတပွေ့တစ်ပိုက်နဲ့ပါ…………။             ။

In: ကဗျာ Posted By: naungye Date: Jul 14, 2011

No comments:

Post a Comment