Sunday, July 5, 2015

နင်သိစေ

ခင်မင်ရုံသက်သက်
မဟုတ်ခဲ့သောရင်းနှီးမှု
နှလုံးသားတစ်ခုမြုပ်နှံ
ငါ့အတွက် ဘာကျန်ခဲ့လို့လဲ
အစကတည်းက မကြင်နိုင်ရင်
မချစ်တတ်တဲ့ နှလုံးသား
အရင်းအတိုင်း ရှိပါစေလား....။ ။

ဖြစ်ချင်ခဲ့တာက
သာယာလှပတဲ့လမ်းမှာ
အပြုံးတွေ ဝေဆာပွင့်ဖူး
တစ်ဦးလက် တစ်ဦးတွဲ
နှစ်ကိုယ်တည်း လျှောက်လှမ်းချင်တာ....
ဖြစ်ခဲ့တာက
ရေကြည်တစ်ပေါက် သောက်ရဖို့အတွက်
တွင်းပေါ်ပြန်တက်ရတဲ့
ရေတွင်းတူးသမား၇ဲ့ဒုက္ခမျိုး
ဘယ်လောက်ဆိုးသလဲကွယ်....။ ။

အခုတော့လေ
အိပ်မက်တွေနဲ့ဖျော်တဲ့
အနမ်းကော်ဖီ
မင်းဆီမရောက်ခဲ့သော်လည်း
ချိုအီနေဆဲရှိပါသေးတယ် ကောင်မလေး....။ ။

ချစ်ခဲ့တယ်
ချစ်နေတယ်
ချစ်နေဦးမယ်
အဲဒီ ချစ်ခြင်းမှာ
အခါခါ သေဆုံးတောင်
အပြုံးမပျက်
နှလုံးသားအတွက်စတေး
အလွမ်းတေးဆိုကာ
ချစ်နေပါဦးမယ် ကောင်မလေး....။ ။

အမည်မသိ

No comments:

Post a Comment