Friday, July 31, 2015

ဝန်ခံပါတယ်ချစ်သူငါဟာပျော့ညံ့သူပေါ့

ချစ်သူ

အခြေနေမပေးလို့
ဝေးသွားသော်လည်း
ရင်မှာအမြဲ တမ်းတဆဲပေါ့
………………………
နင်သိမလား…………
ငါကနင့်ကိုချစ်နေသူလေ………
………………………
………………………
ခပ်တည်တည်နဲ့လည်း………
ငါအလွမ်းတွေကောက်ထည့်ပီးပီ
…………နင်လှောင်ပြုံးလေးနဲ
ခနဲ့တဲ့တဲ့ရ န်ဆိုအုံးမလား
………………………
ငါ့နဘေးနားနင်မရှိတော့မှ
ခပ်ခါးခါးကော်ဖီတွေလည်း
အမြဲ တစေသောက်နေမိတယ်
………………………………
နင်သိရင်အရင်လိုငါ့ကိုတားဦးမလား

ပြန်လာပါ ……ပြန်လာပါ
ထပ်ခါတလဲလဲ
မြည်တမ်းရင်းနဲ့
ငါစိတ်တွေလည်း
တော်ရုံမကထွေနေခဲ့ပီ

သတိရစိတ်တွေမျိုသိမ်
ခံစားချက်တွေ
ဥပေက္ခာ ပြုပီး
တိတ်တိတ်လေး ဆွေးနေတဲ့
ရက်ပေါင်းအတော်ကြာလှပေါ့ဟာ

သိပါစေ……သိစေလို
ငါမဆိုပါဘူး
နင်ရောငါ့ကိုလွမ်းနေမလား
နည်းနည်းတော့ မျှော်လင့်မိတာပေါ့

လွမ်းရလွန်းလို့
ရင်ဘက်တွေတောင်
နာကြင်နေတာ ငါကိုငါလွဲ
ဘယ်သူသိနိင်မလဲ

ဝန်ခံပါရစေ
နင်သိအောင်မပြောမိတဲစကား
ငါတိတ်တိတ်လေး
ပြောပါရစေ
ငါနင့်ကိုသိပ်ချစ်တယ်
………………………
ငါဟာပျော့ညံ့သူပေါ့
ငါ့အချစ်တွေကို ငါထုတ်မပြရဲခဲ့ဘူးလေ
……………………
ကောင်မလေးရယ်
ငါဆိုပါရစေ……………
.……………………
ငါဆိုပါရစေ………………
ချစ်တယ်………ငါနင့်ကိုသိပ်ချစ်တယ်…………
နင်သိမလား…………တဖတ်သတ်ရင်ခုန်သူရဲ့ဘဝ
ဆူးတခြောင်းကိုဖတ်တွယ်မိတဲ့
လူတယောက်ပေါ့ …………ဟုတ်ပါတယ်
ငါဟာပျော့ညံ့သူပေါ့

ငါဟာပျော့ညံ့သူပါ……………
ဝန်ခံပါတယ် ………ငါဟာပျော့ညံ့သူပေါ့…………
ကောင်မလေးရယ်

No comments:

Post a Comment