Thursday, August 6, 2015
Friday, July 31, 2015
နင်မသိခဲ့တာပါ
အချစ်ဆိုတာ ဘ၀တစ်ခုရဲ့
သေးငယ်တဲ့ အစိတ်အပိုင်းပါ
ဒါပေမယ့် မင်းမသိခဲ့တာပါ…
ငါဟာ အဲ့ဒီအစိတ်အပိုင်းနဲ့
ဘ၀ကိုတည်ဆောက်ခဲ့တယ်ဆိုတာ….
ချစ်လွန်းလို့ မသေပေမယ့်
သေလောက်အောင်တော့ ချစ်ခဲ့တယ်
မင်းမသိခဲ့တာပါ… တကယ်ဆို
ငါ့တို့ရဲ့ကြားမှာ တတိယလူမရှိခဲ့တာ
ငါတို့ဟာ အချိန်နဲ့ နေရာကြားမှာ
ဗျာများနေခဲ့ကြတာပါ…
နှစ်ကိုယ်ကြား ဘာသာစကားကို
ငါ့တို့ ကြားခံထားခဲ့တယ်
ဒါပေမယ့် ငါတို့တွေမသိခဲ့တာပါ…
အဲ့ဒီ ဘာသာစကားရဲ့ အဓိပ္ပယ်ဖွင့်ဟချက်တွေ
ဆန့်ကျင်ဘက် ဖြစ်နေခဲ့မှန်း…
လက်ဆတ်တဲ့ မနေ့ကပါပဲ
ငါတို့ရဲ့ အနာဂါတ်တွေပြုတ်ကျခဲ့တယ်
မင်း မသိခဲ့တာပါ…
သိမ်ဆည်းထားတဲ့ သစ္စာတရားတွေ
အရောင်မပြောင်းသေးဘူးဆိုတာ…
မင်းမသိခဲ့တာပါ…
ငါ့အတွက်အမှန်တရားက
လူအများနှစ်သက်ဖို့မလိုဘူးဆိုတာ
မင်းလက်ခံဖို့ပဲ လိုခဲ့တာပါ…
အခုတော့ ငါသိခဲ့ပါပြီ…
မင်းလိုအပ်တာ ၀ှက်ထားတဲ့ဖဲတစ်ချပ်
ငါ့အတွက်တော့ အတိတ်ကို
ပြန်သွားနိုင်တဲ့ ဆေးတစ်ခွက်ပေါ့…
ငါတို့လဲ သူလိုငါလို
လူတွေထဲက လူတွေပဲ
ဒါပေမယ့် အယူတွေလွဲနေခဲ့တယ်
ဒါကိုတော့ မင်းဘယ်တော့မှသိနိုင်ပါ့မလဲ…
In: ကဗျာ Posted By: deadxromeo Date: Jan 4, 2013
သိစေချင်
နာက်တစ်ခေါက် မကြားရပါစေနဲ့…
မလာတော့ဘူးလို့ ဆုံးဖြတ်ထားရင်လဲ
ငါမသိအောင်ပဲ တိတ်တိတ်လေးနေပေးပါ…
မျှော်လင့်ချက် တထုပ်တပိုးနဲ့
နင်ရောက်မယ့်ရက်ကို စောင့်ရင်း
မပြုံးတာကြာပြီဖြစ်တဲ့
ငါ့အပြုံးတွေကို…
သဘာဝကျကျ ပြုံးတတ်ဖို့
ငါပြန်လေ့ကျင့်နေခဲ့ရတာပါ…
ပေးဆပ်မှုက ဘာမှမဟုတ်ခဲ့ပေမယ့်
အလေးထားမှုကိုတော့ သိစေချင်ပါသေးတယ်…
ထွေးပွေ့မှုတွေ မရှိခဲ့ပေမယ့်လဲ
ရင်းနှီးမှုတွေက အတိုင်းထက်အလွန်ပါပဲ…
နောက်ထပ်တစ်ခေါက် မကြားရပါစေနဲ့တော့ကွယ်
ကောင်မလေးရယ်…
နင်မလာတော့ဘူးဆိုတဲ့ စကားကို
ဒီကကောင်က
ကမ္ဘာပျက်မှာထပ်တောင်
ကြောက်ခဲ့ရတာပါ….
နင်သိမလား
နင်onileမှာရှိရင်
ငါနည်းနည်းလေးတော့စိုးရိမ်တယ်
အဲ့ဒါချစ်လို့
chatboxမှာreplyမပြန်တဲ့ခါ
ငါရင်ဘက်မှာနည်းနည်းတော့အောင့်တယ်
ငါမဟုတ်တဲ့အခြားတယောက်နဲ့
နင်chatနေမလားလို့
စိုးရိမ်မိတာပေါ့
ကော်နရှင်တွေမကောင်းပါဘူးဆို
ခဏခဏပစ်ပစ်ထားတက်တဲ့နင့်အကျင့်လေးတွေ
ငါနည်းနည်းတော့စိုးရွံ့လာတယ်
ငါဝန်ခံပါတယ်
ငါဟာနင်နဲ့ပတ်သတ်ရင်
နင်အချစ်တွေကငါတွက်
သုညပါမဟုတ်ဘူးမိုင်းနပ်(စ်)ပြနေခဲ့တာ
ငါသိလိုက်ပါp
ဝန်ခံပါတယ်ချစ်သူငါဟာပျော့ညံ့သူပေါ့
ချစ်သူ
အခြေနေမပေးလို့
ဝေးသွားသော်လည်း
ရင်မှာအမြဲ တမ်းတဆဲပေါ့
………………………
နင်သိမလား…………
ငါကနင့်ကိုချစ်နေသူလေ………
………………………
………………………
ခပ်တည်တည်နဲ့လည်း………
ငါအလွမ်းတွေကောက်ထည့်ပီးပီ
…………နင်လှောင်ပြုံးလေးနဲ
ခနဲ့တဲ့တဲ့ရ န်ဆိုအုံးမလား
………………………
ငါ့နဘေးနားနင်မရှိတော့မှ
ခပ်ခါးခါးကော်ဖီတွေလည်း
အမြဲ တစေသောက်နေမိတယ်
………………………………
နင်သိရင်အရင်လိုငါ့ကိုတားဦးမလား
ပြန်လာပါ ……ပြန်လာပါ
ထပ်ခါတလဲလဲ
မြည်တမ်းရင်းနဲ့
ငါစိတ်တွေလည်း
တော်ရုံမကထွေနေခဲ့ပီ
သတိရစိတ်တွေမျိုသိမ်
ခံစားချက်တွေ
ဥပေက္ခာ ပြုပီး
တိတ်တိတ်လေး ဆွေးနေတဲ့
ရက်ပေါင်းအတော်ကြာလှပေါ့ဟာ
သိပါစေ……သိစေလို
ငါမဆိုပါဘူး
နင်ရောငါ့ကိုလွမ်းနေမလား
နည်းနည်းတော့ မျှော်လင့်မိတာပေါ့
လွမ်းရလွန်းလို့
ရင်ဘက်တွေတောင်
နာကြင်နေတာ ငါကိုငါလွဲ
ဘယ်သူသိနိင်မလဲ
ဝန်ခံပါရစေ
နင်သိအောင်မပြောမိတဲစကား
ငါတိတ်တိတ်လေး
ပြောပါရစေ
ငါနင့်ကိုသိပ်ချစ်တယ်
………………………
ငါဟာပျော့ညံ့သူပေါ့
ငါ့အချစ်တွေကို ငါထုတ်မပြရဲခဲ့ဘူးလေ
……………………
ကောင်မလေးရယ်
ငါဆိုပါရစေ……………
.……………………
ငါဆိုပါရစေ………………
ချစ်တယ်………ငါနင့်ကိုသိပ်ချစ်တယ်…………
နင်သိမလား…………တဖတ်သတ်ရင်ခုန်သူရဲ့ဘဝ
ဆူးတခြောင်းကိုဖတ်တွယ်မိတဲ့
လူတယောက်ပေါ့ …………ဟုတ်ပါတယ်
ငါဟာပျော့ညံ့သူပေါ့
ငါဟာပျော့ညံ့သူပါ……………
ဝန်ခံပါတယ် ………ငါဟာပျော့ညံ့သူပေါ့…………
ကောင်မလေးရယ်
ချစ်သူသိစေ
တွေးမိတယ်
ဆွေးမိတယ်
ငါရဲ့ရင်ခုန်သံ
နင်မှနင်ပဲချစ်သူ
တရှိုက်မတ်မတ်ပုံဖော်
အလွမ်းတွေထုဆစ်လို့သာ
ရင်နဲ့မဆံ့
သတိရခြင်းဒဏ်တွေခံစားရင်းနဲ့
အိပ်ပျက်ညတွေများကာနေပီ
နင်သိရဲ့လားချစ်သူ
ကတိတွေမဆို
သစွာမထားလည်း
အပစ်မယူ
နင်ဟာငါနှလုံးသားအရှင်သခင်မပါ
မဆိုချင်ပါ
ဟန်ဆောင်ကာနဲ့
ငါ့ရဲ့အချစ်နင်မသိလည်း
ရှိစေတော့
ချစ်နေမယ်
ချစ်တယ်
နှလုံးသွေးတို့ရပ်တန့်ကာမူချစ်တယ်
ချစ်နေအုံးမယ်ချစ်သူ
ရန်လေး
Sunday, July 5, 2015
အလွမ်းနဲ့ရေးတဲ့ကဗျာ
အလွမ်းနဲ့ရေးတဲ့ကဗျာ ” .. ( လူဆိုး )
1 // ချစ်သူ ….
အခြေတွေမပေးလို့ .. အနေတွေဝေးနေကြပေမဲ့
သတိရနေတာက .. ရင်နှင့်အမျှပါ
အချစ်ဦးမို့ .. ရှုးတယ်ဆိုပြီး
အပြစ်ဖွဲ့ကာ .. မငြူစူပါနဲ့
ကို့ကိုသနားရင် .. အလွမ်းပြေအဖြစ်
အနမ်းလေးတစ်ခါလောက်တော့ .. ပေးသနားပါ ..ချစ်သူ .. xxxx
2 // လရောင်ကိုမှအားကိုးပြီးပွင့်ကြရတဲ့ .. ကြာပန်းလေးတွေလို
ကိုလည်းလေ .. ချစ်သူရဲ့
အကြင်နာ .. လရိပ်အောက်မှာ
တစ်ရေးလောက်မှေးစက် … အိပ်ပါရစေ .. ချစ်သူ .. xxxx
3 // အဝေးတစ်နေရာမှာ .. အလွမ်းတွေရင်ဝယ်ပိုက်
“ အချစ် ” ဆိုတာကြီးကို .. ထမ်းပိုးရင်း
ညစဉ်ညတိုင်းမက်တဲ့ .. အိမ်မက်အကြောင်း
ခေါင်းအုံးလေးပဲသိပါတယ် … ချစ်သူ .. xxxx
4 // ရေမထိတဲ့ပန်းလေးတွေလို .. ခြောက်ကပ်နေတဲ့
ကို့ရဲ့ရင်ခွင် .. ကို့နှလုံးသားလေးအတွက်
ဖြူစင်တဲ့ .. မေတ္တာရေလေးတော့
ပက်ဖြန်းပေးပါ … ချစ်သူ .. xxxx
5 // ကိုကတော့ .. ချစ်ကိုချစ်တဲ့အကြောင်း
ရင်ထဲက .. စကားလုံးတွေစုပေါင်းလို့
“ အလွမ်းနဲ့ရေးတဲ့ကဗျာ ” .. လို့ .. ခေါင်းစဉ်တပ်ထားတယ် .. ချစ်သူ .. xxxx
ကောင်မလေးဖတ်ဖို့နှလုံးသွေးနဲ့ရေးတဲ့ကဗျာ
ကောင်မလေးဖတ်ဖို့နှလုံးသွေးနဲ့ရေးတဲ့ကဗျာ
ချစ်သူ……
သက်လုံမကောင်းတော့တဲ့ငါ့စိတ်ဟာ
ချောက်နက်အမှောင်မှာပဲလမ်းပျောက်နေတယ်
အလင်းရောင်ဆိုတာနတ္ထိ
မဟူရာကိုကျင့်သားရအောင်ကြိုးစားသင်ယူနေရတယ်
ခြေလှမ်းတိုင်းအရုပ်ကြိုးပြတ်လဲကျနေချိန်
မင်းရဲ့အပြုံးက
ငါ့ကိုပြန်မတ်တပ်ရပ်စေခဲ့တယ်….(တစ်ချိန်တုန်းကပါ)
ချစ်သူ…..
ငါအကြိမ်ကြိမ်သေဆုံးဖူးတဲ့ပါးချိုင့်အပြုံးမှာ
ခုတော့……
ဘလိတ်(Blade)ဓားပါးပါးတွေပဲ
ငါတွေ့နေရတယ်
အကြည့်တွေ Acid မိုးရွာနေတုန်း
(ရွာရန်ရာနှုန်းဘယ်လောက်တောင်များလဲ)
ချစ်သူ……
မင်းသတိထားမိရဲ့လား
ငါ့ရင်ဘတ်တစ်ခုလုံးက
ချုပ်ရာတွေ ဗရပွ နဲ့
ရေလဲပုဆိုးဖြစ်နေပြီ….
ချစ်သူ….
ဘ၀မှာအကောင်းဆုံးဆိုတာတွေ
ငါ့ဆီကိုခလုတ်မှားတိုက်ပြီးတောင်
ရောက်မလာဖူးပါဘူး
လိုချင်တာတွေမရတတ်တော့
ရတာလောက်ကိုပဲအကောင်းထင်
တော်တော်ဘ၀င်မြင့်နေတဲ့အရူးကောင်ပါ…
(မင်းသိရင်ရယ်နေလိမ့်မယ်)
ချစ်သူ….
ရက်ရက်စက်စက်ချစ်ဖူးတယ်…
နာနာကျင်ကျင်လည်းမုန်းဖူးတယ်…
ထိန်းထိန်းသိမ်းသိမ်းလည်းလွမ်းဖူးတယ်…
အဲ..ခုတော့
ပေါ့ပေါ့ပါးပါးမေ့တတ်အောင်ကြိုးစားနေတယ်…
အချစ်အတွက်တစ်ဖန်မွေးဖွားနိုင်သူတွေ
အချစ်ကိုဘုရားလိုကိုးကွယ်သူတွေ
သူတို့အလုပ်သူတို့လွတ်လွတ်လပ်လပ်လုပ်ကြပါစေ
ငါကတော့ နေ့သစ်တွေထဲခရီးဆန့်ရအုံးမယ်….
In: ကဗျာ Posted By: lynnkhaing Date: Dec 3, 2012
မျက်ရည်နဲ့ရေးတဲ့ကဗျာ
မျက်ရည်နဲ့ရေးတဲ့ကဗျာ
ဒဏ်ရာတွေနဲ့ ရူးသွပ်နေချိန်
ခိုနားခွင့်ပေးခဲ့တဲ့ ရင်ခွင်ကို
ခြေစုံကန်ခဲ့မိတဲ့ငါ………..
ရက်စက်လွန်းတာကိုသိပါတယ်
စိတ်နာလိုက်စမ်းပါ….
မေ့ပစ်လိုက်စမ်းပါ…..
ဘယ်လိုလုပ်လုပ်စိတ်မနာတဲ့မင်းအချစ်တွေကို
ငါအသိအမှတ်ပြုပါတယ်
မင်းရဲ့အပြုံးတွေကို မြတ်နိုးပေမယ့်
ငါထားခဲ့မှရမယ်….
မင်းအချစ်ကိုလေးစားပေမယ့်
ငါမေ့ပစ်မှရမယ်…..
နှလုံးသားတစ်ခုက
လူတစ်ယောက်ကိုပဲသစ္စာရှိဖို့
အင်အားရှိတဲ့အတွက်…….
နာကြင်စွာနဲ့ပဲနှုက်ဆက်လိုက်ပါရစေ
တခါတလေတော့…
ထားခဲ့ရတဲ့သူမှာလည်း
ဒဏ်ရာတွေတပွေ့တစ်ပိုက်နဲ့ပါ…………။ ။
ကောင်မလေးဖတ်ဖို့
ကာင်မလေးဖတ်ဖို့ အချစ်ကဗျာ (နိုးဝေ ကဗျာ-၂)
အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်
ဘုံစနစ်နဲ့ မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲ
စိတ်ညစ်နေမိတယ်။
သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။
လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..ကက်ထရီနာလို
အဆုံးရှုံးများစေတတ်လည်း ချစ်မယ်။
တိုနီမက်ဗေး ကွယ်လွန်ပြီးလည်း
ငါကမင်းကို ချစ်နေခဲ့တယ်။
မင်းကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။
ချစ်ရတာမမောပါဘူး ကလေးရယ်
အလင်းမဲ့ ညတွေများလို့ လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်း
ချစ်မယ်။
တကယ်ပါကောင်မလေးရယ်
လိမ်ခဲ့တာတွေများလို့
ကြမ်းပိုးနဲ့လိပ်မခွဲတတ်တော့ပေမယ့်
မင်းကိုတော့ . . . .
သည်းသည်းမည်းမည်း ချစ်နေခဲ့တာ အမှန်။
(၂ဝဝ၆ ခုနှစ်က ကဗျာအဟောင်းလေး —
အဲသည့်အချိန်က လူပြောများတဲ့ သတင်းတွေနဲ့
ဆက်စပ်ပြီးရေးထာခဲ့တာမို့ အခုအချိန်မှဖတ်ရတာ အဆက်အစပ်မဲ့နိုင်ပါတယ်..)
(ကဗျာဆရာ နိုးဝေရဲ့ ကဗျာ တစ်ပုဒ်ပါပဲ.)
နင်သိစေ
ခင်မင်ရုံသက်သက်
မဟုတ်ခဲ့သောရင်းနှီးမှု
နှလုံးသားတစ်ခုမြုပ်နှံ
ငါ့အတွက် ဘာကျန်ခဲ့လို့လဲ
အစကတည်းက မကြင်နိုင်ရင်
မချစ်တတ်တဲ့ နှလုံးသား
အရင်းအတိုင်း ရှိပါစေလား....။ ။
ဖြစ်ချင်ခဲ့တာက
သာယာလှပတဲ့လမ်းမှာ
အပြုံးတွေ ဝေဆာပွင့်ဖူး
တစ်ဦးလက် တစ်ဦးတွဲ
နှစ်ကိုယ်တည်း လျှောက်လှမ်းချင်တာ....
ဖြစ်ခဲ့တာက
ရေကြည်တစ်ပေါက် သောက်ရဖို့အတွက်
တွင်းပေါ်ပြန်တက်ရတဲ့
ရေတွင်းတူးသမား၇ဲ့ဒုက္ခမျိုး
ဘယ်လောက်ဆိုးသလဲကွယ်....။ ။
အခုတော့လေ
အိပ်မက်တွေနဲ့ဖျော်တဲ့
အနမ်းကော်ဖီ
မင်းဆီမရောက်ခဲ့သော်လည်း
ချိုအီနေဆဲရှိပါသေးတယ် ကောင်မလေး....။ ။
ချစ်ခဲ့တယ်
ချစ်နေတယ်
ချစ်နေဦးမယ်
အဲဒီ ချစ်ခြင်းမှာ
အခါခါ သေဆုံးတောင်
အပြုံးမပျက်
နှလုံးသားအတွက်စတေး
အလွမ်းတေးဆိုကာ
ချစ်နေပါဦးမယ် ကောင်မလေး....။ ။
အမည်မသိ
အဖြည့်ခံချစ်သူ
နင်စိတ်ညစ်ရင် ရင်ဖွင့်ဖို့.................. နင့်ဘေးမှာ ငါရှိနေပေးမယ်
နင်မျက်ရည်ကျရင် နင့်မျက်ရည်တွေရပ်သွားအောင်
ငါကဂျိုကာ တစ်ကောင်ဖြစ်ပေးမယ်
နင်ဘယ်အချိန်ပဲ ငါ့ကိုခေါ်ခေါ်
onileပေါ်ရောက်လာပေးမယ်
နင့်အတွက် ငါအရာအားလုံးကို ဖေးမ ပေးနိုင်ပေမယ့်
နင့်ငါကို မချစ်နိင်တော့ဘူးဆိုတဲ့ တနေ့ ငါ ရှောင်ဖယ်ပေးသွားမယ်
ငါတို့က အရင်းနှိးဆုံးချစ်သူတွေပဲလေ
အချစ်ဆိုတာ……………
အချစ်....
အချစ်ဆိုတာ...စကားလုံးလေးကနှစ်လုံးလေးပါ...
ချစ်မိသွားပြီဆိုရင်...ရုန်းထွက်ဖို့တော်တော်ခက်တယ်နော်...
ဒါပေမဲ့ ...
အချစ်မှာ..ချစ်သင့်တယ်...မချစ်သင့်ဘူးဆိုတာတော့...
မရှိလောက်ပါဘူးနော်.......
ချစ်မိသွားတဲ့ လူက..ချစ်သင်တဲ့လူလား..မချစ်သင့်တဲ့လူလား..ဆိုတာ...
ဒီနှလုံးသားက...သိမှမသိတာ....
ဟုတ်တယ်မလား...........
သူ့ကိုလည်း...အဲ့လိုပဲ ချစ်သွားတာ............
နှလုံးသားက..သူမှသူဖြစ်သွားတာ...မတတ်နိုင်တော့ဘူး
ချစ်သင့်တာ...မချစ်သင့်တာ..
မစဉ်စားချင်တော့ဘူး.....
ဘာပဲဖြစ်ဖြစ်....
သူ့ကိုချစ်တဲ့ အချစ်ကိုတော့ ပြန်မပေးနိုင်ဘူး....
တကိုယ်ကောင်းဆန်တယ်ပြောပြော.....
ချစ်တယ်....
(အမည်မသိ)
ဝေမူးသွင်
သစ်ရွက်ကြွေသံတစ်ခုက
ငါ့နားထဲမှာဝုန်းခနဲ
မြည်ဟိန်းသွားရဲ့။
အချိန်မတန်သေးဘဲ
ငါ့တန်ဖိုးတွေကို
မင်းဘာကြောင့်များတိုက်ချပစ်လိုက်ပါလိမ့်။
ဘယ်သူမပြု
မိမိမှုတဲ့ .. ။
လကွယ်သီချင်းတစ်ပုဒ်က
ညထဲကိုဗီဇပြပြီး
ရက်ရက်စက်စက်လွင့်ပျံ့လာတယ်။
ငါ့ရင်ထဲက
အဖြူရောင်စည်းကမ်းတွေအားလုံး
ချိတ်ပိတ်ထားလိုက်ပြီ။
ငါဟာရိုင်းစိုင်းရမ်းကားဖို့
အမြဲအဆင်သင့်ရှိနေသူဆိုတာ
မင်းသိစေရမယ်။
ဘာသဘောလဲ
လှည့်မကြည့်နဲ့
အပျော်ကြေးဆိုပေမယ့်
အန္တရာယ်ရှိတယ်။
နောက်ဆုံးတော့လည်း
ပတ်သက်မိခဲ့သမျှတွေကို
ရယ်မောလွှင့်ပစ်လိုက်ရုံပေါ့။
ငါမပြောချင်ဘူး
မင်းမသိနိုင်ဘူး
အစွန်းမရောက်ရင်
အဲဒါဘယ်တော့မှ အချစ်မဟုတ်နိုင်ဘူး ။ ။
ဝေမှူးသွင်